top of page
A00AD126-E6F7-441C-8CA6-CF4D390575EC111.jpg

แจ้งออกแรงงานต่างด้าวให้ถูกต้อง! ป้องกันปรับ 20,000 บาท

မြန်မာဘာသာဖြင့်ပူးတွဲဖော်ပြထားသည်

การแจ้งออกแรงงานต่างด้าว คือ การที่นายจ้างดำเนินการแจ้งให้หน่วยงานราชการทราบว่า แรงงานต่างด้าวที่เคยจ้างงานได้ลาออก หรือเลิกจ้างแล้ว เพื่อให้ข้อมูลในระบบถูกต้องตามกฎหมาย และเพื่อยกเลิกใบอนุญาตทำงานของแรงงานคนนั้นอย่างเป็นทางการ 

เมื่อแรงงานต่างด้าวลาออกจากงาน นายจ้างมีหน้าที่ต้อง “แจ้งออก” ให้ถูกต้องภายใน 15 วัน มิเช่นนั้นจะเสี่ยงต่อการถูกปรับเป็นเงินถึง 20,000 บาท!

Perfect Link (Thailand) ขอแนะนำขั้นตอนและเอกสารที่ต้องใช้แบบชัดเจน เพื่อหลีกเลี่ยงความผิดทางกฎหมายและป้องกันปัญหาในอนาคต

📍 สถานที่แจ้งออก

  • สำนักงานจัดหางานจังหวัด

  • สำนักงานจัดหางานกรุงเทพมหานคร พื้นที่ 1–10 (ตามเขตสถานประกอบการ)

📆 กำหนดเวลา

  • ต้องแจ้งออก ภายใน 15 วัน หลังแรงงานต่างด้าวลาออก

📑 เอกสารที่ต้องใช้ในการแจ้งออก

🔸 ใบแจ้งยกเลิกการอนุญาตทำงาน (นายจ้างลงนาม พร้อมสำเนา 2 ฉบับ)
🔸 ใบอนุญาตทำงานฉบับจริง (ถ้าคนงานไม่อยู่ ให้แนบสำเนาแทน)
🔸 สำเนาหนังสือรับรองการจดทะเบียนของสถานประกอบการ (เช่น บริษัท, มูลนิธิ ฯลฯ)
🔸 สำเนาบัตรประชาชนนายจ้าง (ถ้าเป็นคนไทย) หรือใบอนุญาตทำงาน (ถ้าเป็นต่างชาติ)
🔸 หนังสือมอบอำนาจ (ถ้านายจ้างไม่ได้มาดำเนินการเอง) 

ยังไม่แน่ใจว่าจะเริ่มจากตรงไหน? หรือไม่มีเวลาจัดการเอง?
เราพร้อมช่วยเหลือคุณทุกขั้นตอน!
Perfect Link (Thailand) ให้บริการครบวงจร ทั้งให้คำปรึกษาและดำเนินการอย่างถูกต้องตามกฎหมาย

📲 ติดต่อเราได้ที่
📞 016-191-7775

📞 061-884-4416
💬 LINE Official ID: @perfectlink

รวดเร็ว แม่นยำ เชื่อถือได้ 100%
ติดต่อมาได้เลย ทีมงานมืออาชีพพร้อมดูแลคุณ!

ဥပဒေနှင့်အညီအလုပ်ထွက်ခြင်းဖြင့် ဘေးအန္တရာယ်ကို ကာကွယ်ပါ!

📌အလုပ်ထွက်လက်မှတ်(ကျန့်အော့က်) ဆိုတာ  နိုင်ငံခြားသားအလုပ်သမားတစ်ယောက် အလုပ်မှ မိမိသဘောဆန္ဒအလျောက် ထွက်သွားလျှင်ဖြစ်စေ၊ အလုပ်ရှင်မှ အလုပ်ထုတ်လိုက်လျှင်ဖြစ်စေ အလုပ်ရှင်က အလုပ်သမား အလုပ်ထွက်သွားပြီး (၁၅)ရက်အတွင်း  အစိုးရအဖွဲ့အစည်း (အလုပ်အကိုင်ရေးရာဌာန) ထံ တရားဝင် အကြောင်းကြား အသိပေးရတဲ့ လုပ်ငန်းစဥ်ကို ခေါ်တာ ဖြစ်ပါတယ်။ ဒီအဆင့်ကို မပြုလုပ်မိပါက တရားဝင်အချက်အလက်စနစ်မှာ အလုပ်သမားဟာ အလုပ်ရှင်ဆီမှာပဲ ဆက်လက်တည်ရှိနေတာမို့  အလုပ်ရှင်အနေနဲ့  ဥပဒေအရ ပြစ်ဒဏ်ကြုံရနိုင်ပါတယ်။ 

📌အလုပ်ရှင်မှ သက်ဆိုင်ရာ (အလုပ်အကိုင်ရေးရာဌာန) ထံတွင် အလုပ်ထွက်လက်မှတ်(ကျန့်အော့က်) ပြုလုပ်လျှောက်ထားတဲ့အခါမှာ အလုပ်သမား အလုပ်မှထွက်ခွာသွားခြင်း (သို့မဟုတ်) ထုတ်ပယ်လိုက်ရခြင်းရဲ့ အကြောင်းပြချက်တွေကို မှတ်ချက်ပေးရပါတယ်။ အဆိုပါ အလုပ်ရှင်မှ ပေးသောမှတ်ချက်သည် အလုပ်သမားတစ်ယောက်၏ နောက်ထပ် အလုပ်ရှင်သစ်ပြောင်းလဲမှုအပေါ် တွင် ကြီးမားစွာသက်ရောက်မှု ရှိပါသည်။ အကယ်၍ အလုပ်ရှင်ဟောင်းမှ ကျန့်အောက့်ခေါ် (အလုပ်ထွက်စာလက်မှတ်တွင်) ထွက်ပြေးခြင်း၊ စည်းကမ်းမလိုက်နာ၍ အလုပ်ဖြုတ်လိုက်ခြင်း၊ အိမ်ပြန်ရန်အတွက်မို့ အခွင့်ပေးလိုက်ခြင်း၊ ငွေကြေးလိမ်လည်မှု ပြုသွားခြင်း စသည့်ဆိုးရွားသည့်မှတ်ချက်များ သတ်မှတ်ခြင်းခံရပါက အလုပ်သမားတစ်ယောက်အနေဖြင့် အလုပ်ရှင်သစ်ပြောင်းရန်မှာ ဖြစ်နိုင်ချေနည်းလွန်းသွားပါလိမ့်မည်။ 

📌အလုပ်ထွက်လက်မှတ်(ကျန့်အော့က်)၏ သက်တမ်းမှာ အလုပ်ရှင်မှ အလုပ်မှ ထွက်ခွာသည်ဟု သတ်မှတ်သည့်ရက်မှ ရက်ပေါင်း(၆၀) ဖြစ်ပါသည်။ သတ်မှတ်ရက်ပေါင်း (၆၀) အတွင်း အလုပ်ရှင်အသစ်ဖြင့် ပြန်လည်အမည်စာရင်း တင်သွင်းနိုင်ခြင်း (ကျန့်ခေါက်လုပ်ခြင်းကို ခေါ်ဆိုပါသည်) မရှိလျှင် အလုပ်ထွက်လက်မှတ်(ကျန့်အော့က်) သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဆိုပါ လက်မှတ် သတ်တမ်းကုန်ဆုံးလျှင် အလုပ် လုပ်ကိုင်ခွင့်လက်မှတ်(ဝေါ့ခ်ပါမစ်) သက်တမ်းသေသွားသကဲ့သို့ အလုပ် လုပ်ကိုင်ခွင့် အခွင့်အရေးများ ဆုံးရှုံးသွားမည်ဖြစ်ပါတယ်။ အထူး အထူးပင် သတိထားသင့်ပါတယ်။ 

 

📌မိမိရဲ့ အလုပ်ရှင်ဟောင်း (သို့မဟုတ်) အလုပ်ရှင်ဟောင်းမှ ကိုယ်စားလွှဲအပ်ခြင်းခံထားရသူကသာလျှင် အလုပ်ထွက်လက်မှတ်(ကျန့်အော့က်)ကို ကိုယ်တိုင်(သို့မဟုတ်) ကိုယ်စားထုတ်ပေးနိုင်မှာဖြစ်ပြီး အခြားမည်သည့် ကုမ္ပဏီ(သို့မဟုတ်) မည်သည့်အကျိုးဆောင်များကမှ အလုပ်ထွက်လက်မှတ်(ကျန့်အော့က်)ကို ကိုယ်စားထုတ်ပေးလို့ မရပါဘူး။ ​​​​​​​

📑အလုပ်ထွက်လက်မှတ်(ကျန့်အော့က်)ထုတ်ရန် လိုအပ်သောစာရွက်စာတမ်းများ_

🔸 အလုပ်သမားအလုပ်ထွက်ခြင်းသက်သေစာ (အလုပ်ရှင် လက်မှတ်ထိုးပြီး မိတ္တူ ၂ စုံ)
🔸 အလုပ်သမား၏ အလုပ်လုပ်ခွင့်လက်မှတ်မူရင်း (မရှိလျှင် မိတ္တူတင်နိုင်သည်)
🔸 လုပ်ငန်း၏ မှတ်ပုံတင်လက်မှတ်မိတ္တူ (ကုမ္ပဏီ၊ အဖွဲ့အစည်း စသည်ဖြင့်)
🔸 အလုပ်ရှင်၏ မှတ်ပုံတင်မိတ္တူ (သို့မဟုတ် နိုင်ငံခြားသားဖြစ်ပါက အလုပ်လုပ်ခွင့်လက်မှတ်)
🔸 ကိုယ်စားလှယ်မှ တင်သွင်းပါက အာဏာလွှဲစာ

ဘယ်အဆင့်တွေကဘယ်လို စလုပ်ရမှန်းမသိတာပဲဖြစ်စေ၊ မိမိတို့ရဲ့ အလုပ်ရှင်တွေက မအားလပ်၍ အချိန်မပေးနိုင်တာပဲ ဖြစ်စေ 

Perfect Link (Thailand) မှာ သင့်အတွက် တရားဝင်ဖြင့် စနစ်တကျ အဆင့်တိုင်းကူညီပေးနိုင်ပါတယ်။

📞 ဖုန်းဆက်မေးမြန်းရန်
🔸 016-191-7775
🔸 061-88444-16

💬 LINE Official ID: @perfectlink

📍 အမြန်ဆုံး – စနစ်ကျမှုအရှိဆုံး – ယုံကြည်စိတ်ချရဆုံး ဝန်ဆောင်မှု_

#WorkPermitThailand #PerfectLinkThailand #DocumentService #MyanmarWorkers

bottom of page