top of page

ပတ်စပို့ ဆုံးရှုံးသွားရင် ဘယ်လိုလုပ်မလဲ? 😬

ree

ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) ပျောက်ဆုံးသွားတဲ့အခါ ချက်ချင်းဆောင်ရွက်သင့်တဲ့ အရေးကြီးအဆင့်တွေ ရှိပါတယ်။ လုပ်ဆောင်ရမယ့် အဓိကအချက်တွေကတော့ သင် လက်ရှိ ဘယ်နိုင်ငံမှာ ရောက်နေလဲဆိုတာပေါ် မူတည်ပြီး ကွာခြားမှုတွေ ရှိနိုင်ပါတယ်။

👮 ရဲစခန်းမှာ တိုင်ကြားပါ

ဘယ်နေရာမှာပဲ ပျောက်ပျောက် နီးစပ်ရာ ရဲစခန်းကို ချက်ချင်းသွားပြီး တိုင်ချက်ဖွင့်ပါ။ ဒါမှ ပျောက်ဆုံးကြောင်း ထောက်ခံစာ (𝐏𝐨𝐥𝐢𝐜𝐞 𝐑𝐞𝐩𝐨𝐫𝐭) ရမှာပါ။ ဒီထောက်ခံစာက ပတ်စ်ပို့အသစ်လျှောက်ဖို့အတွက် အရေးကြီးဆုံး စာရွက်စာတမ်းတစ်ခုပါ။

📞 သက်ဆိုင်ရာ မြန်မာသံရုံး (သို့မဟုတ်) ပတ်စ်ပို့ရုံးကို ဆက်သွယ်ပါ။

ပြည်ပမှာဆိုရင် မြန်မာသံရုံးကို အမြန်ဆုံး ဆက်သွယ်ပါ။ ပြည်တွင်းမှာဆိုရင်တော့ ပတ်စ်ပို့ထုတ်ပေးတဲ့ ရုံးကို ဆက်သွယ်ပြီး လုပ်ငန်းစဉ်တွေကို မေးမြန်းပါ။ သူတို့ညွှန်ကြားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်ပါ။

📁 စာရွက်စာတမ်းတွေ ပြင်ဆင်ပါ။

ပတ်စ်ပို့အသစ်လျှောက်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပါ။ ဥပမာ- မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ရဲစခန်းထောက်ခံစာ၊ ဓာတ်ပုံ စတာတွေ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာရုံးမှာ မေးမြန်းပါ။

⚠️ အရေးကြီးဆုံးအချက်

ပတ်စ်ပို့မိတ္တူကို အမြဲတမ်း ဓာတ်ပုံရိုက်ပြီး သိမ်းထားပါ။ 🤳 ပျောက်ဆုံးသွားရင် အထောက်အထားပြဖို့ အလွန်အသုံးဝင်ပါတယ်။👍

𝐏𝐞𝐫𝐟𝐞𝐜𝐭 𝐋𝐢𝐧𝐤 (𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝) 𝐂𝐨𝐦𝐩𝐚𝐧𝐲 က မြန်မာနိုင်ငံသားတွေအတွက် 𝐎𝐧𝐞 𝐃𝐚𝐲, 𝐎𝐧𝐞 𝐒𝐭𝐨𝐩 𝐒𝐞𝐫𝐯𝐢𝐜𝐞 နဲ့ နေ့ချင်းပြီး လျှောက်ထားရယူနိုင်အောင် ဝန်ဆောင်မှုပေးနေပါတယ်။💯

ဒါကြောင့် စာရွက်စာတမ်းတွေ အပြည့်အစုံရှိရုံနဲ့ အချိန်ကုန်သက်သာစွာနဲ့ ပတ်စပို့အသစ်ကို အလွယ်တကူ ရယူနိုင်ပါပြီ။ ✅

𝐒𝐞𝐫𝐯𝐢𝐜𝐞 စုံစုံလင်လင်ကို ဒီ 𝐖𝐞𝐛𝐬𝐢𝐭𝐞 𝐥𝐢𝐧𝐤 မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ 📌

𝐖𝐞𝐛𝐬𝐢𝐭𝐞 𝐋𝐢𝐧𝐤 - https://www.perfectlinkthailand.com/

📩 စုံစမ်းမေးမြန်းရန်_

📞 𝟎𝟔𝟏-𝟖𝟖𝟒𝟒𝟒-𝟏𝟔

📞 𝟎𝟗𝟐-𝟖𝟗𝟓𝟓𝟗-𝟔𝟏

#ပတ်စ်ပို့ပျောက်ဆုံး #PassportLost #မြန်မာပတ်စ်ပို့ #MyanmarPassport #PassportMyanmar #ရဲစခန်း #PoliceReport #သံရုံး #Embassy #အရေးပေါ်အကူအညီ #EmergencyHelp #ခရီးသွား #TravelTips #BurmeseTraveler

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page