“Company ဖွင့်လိုက်ယုံနဲ့ အခွန်ဆောင်ဖို့လိုပါ့မလား?”
- Nyi Nyi Myat
- Jun 6
- 1 min read
Updated: Jun 7

ဟုတ်ကဲ့! လိုပါတယ်။ မလုပ်ရသေးဘူးဆိုရင်တော့ မိတ်ဆွေမှာ တာဝန်ရှိနေပါတယ်။
တချို့လူတွေက — တွေးတယ်။ ငါက Company Set Up လုပ်ထားယုံပဲ ရှိသေးတာ။ လုပ်ငန်းမှ မလည်ပတ်သေးတာပဲ လို့ တွေးကြတယ်။ တချို့ကြတော့လည်း အဖွင့်ခဏပြပြီး ပြန်ပိတ်ထားတာတွေလဲရှိတယ်။ ပြီးတော့ အခွန်မပေးလဲ ရမယ်လို့ ထင်နေတက်ကြပါတယ်။
ဒါပေမယ့်… မိတ်ဆွေဟာ ကုမ္ပဏီတည်ထောင်လိုက်တာနဲ့ တရားဝင်လုပ်ငန်းတစ်ခု ဖြစ်သွားပြီဆိုတာကို သတိရထားဖို့လိုပါတယ်။
Company Set Up လုပ်ထားပြီး ဘာအလုပ်တစ်ခုမှ မလုပ်သေးရင်တောင် အစိုးရဆီ အခွန်ဖောင်တင်ရမည့် တာဝန်ကတော့ မဖယ်ရှားနိုင်ပါဘူး။
🗓️ “ဘယ်အချိန်မှာ အခွန်ဆောင်ရတာလဲ?”
🤔 အများစု နားမလည်တာကတော့ အချိန်ဇယားပါပဲ။ ဒီလိုသိထားရင် ရှင်းပါတယ်။
နှစ်အကုန်က စာရင်းကောက်ပြီး 150 ရက်အတွင်း – Corporate Income Tax တင်ရပါတယ်။
👉(ငွေမဝင်လဲ “ငြင်းဆိုခြင်းဖောင်” တင်ဖို့လိုပါတယ်)
👉လုပ်ငန်းစတင်ပြီး 6 လပြည့်တဲ့အချိန်မှာ — ခန့်မှန်း tax (Prepaid Tax) တင်ရပါတယ်။
⚠️မတင်ရင် ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သည်အချက်တွေကိုလည်း မိတ်ဆွေအနေနဲ့ လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
👉လကုန်ပြီး 15 ရက်အတွင်း VAT ဖောင်တင်ရတယ်။
👉Withholding Taxကို ငွေချေပြီး 7 ရက်အတွင်း တင်ဖို့လိုတယ်။
💵 ပေးဆောင်ရမည့်အခွန်တွေကို ဘယ်လိုပေးမလဲ?
ဒါကတော့ ရိုးရှင်းပါတယ်။
📌 ဘဏ်ကနေတဆင့်လည်း ပေးလို့ရတယ်။
📌 e-filing (အွန်လိုင်း) နဲ့လဲ တင်လို့ရပါတယ်။
📌 QR Code / Mobile Banking နဲ့ပါ ပေးချေမှုတွေ ပြုလုပ်နိုင်ပါတယ်။
အဓိက အချုပ်အနေနဲ့ ပြောရရင် စနစ်တကျ တာဝန်ယူဖို့လိုပါတယ်။
🧠 “နားလည်လွယ်အောင် ပြောရရင်…”
Company တစ်ခု တည်ထောင်လိုက်တာနဲ့ ငွေအဝင်_အထွက်ရှိခြင်း မရှိခြင်းဆိုတာထက် မိမိကိုယ်ကို တာဝန်ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံလိုက်ရတာပါပဲ။
မိမိလုပ်ငန်းမှာ အမှန်အခွန်ဆောင်ရန် ကိစ္စတွေ မရှိဘူးဆိုရင်တောင် “အငြင်းဖောင် တင်ရမှာပဲဖြစ်ပါတယ်”
📣 အကြံပေးချင်တာက__
တစ်ခါတလေ အခွန်ပြသနာနဲ့ အရေးယူခံရတတ်တာတွေက နားမလည်လို့မဟုတ်ဘဲ စနစ်မရှိလို့ ဒါမှမဟုတ် ပေါ့လျှော့ သတိမထားမိလို့ Deadline ကျသွားတာတွေကြောင့် ဖြစ်တက်တယ်။
အဲ့ဒါကြောင့် တာဝန်ရှိတဲ့လုပ်ငန်းရှင်တစ်ဦးအနေနဲ့ အခွန်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး လအလိုက် နှစ်အလိုက် ပြင်ဆင်မှုတွေ လုပ်ထားသင့်ပါတယ်။
📌 မသိသေးတာ၊ မရှင်းသေးတာတွေ ရှိရင်တော့...
Perfect Link (Thailand) Co., Ltd. မှာ အခမဲ့ အကြံပေးမှု + အခွန်ဖောင် တင်သွင်းဝန်ဆောင်မှုများ ရယူနိုင်ပါတယ်နော်။
📩 စုံစမ်းမေးမြန်းရန်_
061-191-7775(Thai)_ 061-88444-16(Eng_MM)
Line Official: @perfectlink
Perfect Link Thailand– Via Solution Partner of Your_
Comments