Payment Invoice ဆိုတာ ဘာလဲ?
- May 13, 2025
- 1 min read
Updated: Jun 7, 2025

ဒီနေ့ကမ္ဘာမှာ စီးပွားရေးလုပ်ငန်းတစ်ခု တည်တံ့ဖို့အတွက် အချိန်မှန်မှန် ငွေသွင်းငွေထုတ် စနစ်တကျလုပ်နည်းက အရေးကြီးဆုံးအရာတစ်ခုပါ။ အဲ့ဒီမှာ အခြေခံအရေးကြီးဆုံး အချက်တစ်ခုကတော့ Payment Invoice ပဲဖြစ်ပါတယ်။Payment Invoice (ငွေတောင်းခံလွှာ) ဆိုတာက စီးပွားရေးလုပ်ငန်းတစ်ခုက သူ့ရဲ့ ဖောက်သည် (သို့) ဝန်ဆောင်မှုလက်ခံသူထံမှ ငွေတောင်းလိုသောအခါ ထုတ်ပေးရတဲ့ တရားဝင်စာရွက်စာတမ်းဖြစ်ပါတယ်။ ဤစာရွက်စာတမ်းမှာ လုပ်ဆောင်ပေးထားသော ဝန်ဆောင်မှု (သို့) ရောင်းချထားသော ပစ္စည်းအချက်အလက်များနှင့်အတူ၊ ငွေပမာဏ၊ တောင်းဆိုသူနှင့်ပေးချေရမည့်သူ၏အချက်အလက်များ၊ ငွေချေပေးရမည့်ရက်စွဲ၊ အခွန်ပါဝင်မှုများ စသည့် အချက်အလက်များ ပါဝင်ပါတယ်။
📌 Invoice သုံးရသည့် အကြောင်းအရင်း
Customers များအား တာဝန်ယူစွာ ငွေချေမှု ပြုလုပ်စေရန်။
စာရင်းမှတ်တမ်းထားနိုင်မှုတို့အတွက် အထောက်အထားတစ်ခုဖြစ်စေရန်။
Tax Filing, VAT Return တို့အတွက် အခွန်တင်မှုပြမှု အထောက်အထား(သို့) ထောက်ခံစာတမ်းတစ်ခုဖြစ်စေရန်။
ဝင်ငွေ/ထွက်ငွေကို တိတိကျကျ ထိန်းချုပ်ပြီး လုပ်ငန်းအမြတ်အရှုံး စစ်ဆေးနိုင်ရန်တို့ အတွက် Invoice ခေါ် ဘိုင်ဝမ်ဘင်းကို အသုံးပြုကြရပါတယ်။
ဒါအပြင် Payment Invoice ထုတ်တဲ့ အခါ_
လုပ်ငန်းအမည် / တာဝန်ရှိသူအမည်
ဖောက်သည်အချက်အလက်
ဝန်ဆောင်မှု (သို့) ပစ္စည်းအမျိုးအစား
ငွေပမာဏ (Subtotal, Tax, Total)
ငွေပေးချေရန် Due Date
Bank Account / Payment Method စတဲ့ အချက်အလတ်တွေကို ပြည့်စုံစွာ ရေးသားဖော်ပြပေးရမှာပဲ ဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်ရှင်တွေအနေနဲ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ချင်တယ်ဆိုရင် Payment Invoice ကို သေချာစွာ အသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်။တစ်ချို့လုပ်ငန်းတွေမှာ Customers ဘက်က Invoice မထုတ်ပေးဘဲ ငွေချေနိုင်တယ်ထင်ကြပေမယ့် ဒါဟာ Accounting, Taxation, Law စနစ်အပေါ်မှာ ပြဿနာဖြစ်စေနိုင်ပါတယ်။
လုပ်ငန်းတစ်ခုမှာ Invoice စနစ်နဲ့ မှန်မှန် လုပ်ငန်းလည်ပတ်နိုင်ဖို့_ Perfect Link (Thailand) မှ လုပ်ငန်းသုံး Invoice Templates, Accounting နဲ့ Tax Filing ဝန်ဆောင်မှုများ ကို တာဝန်ယူ လုပ်ဆောင်ပေးလျှက် ရှိပါတယ်။
📞 ဆက်သွယ်ရန် – 061-88444- 16 📍 Line / Messenger မှတဆင့်လည်း ဆက်သွယ်နိုင်ပါတယ်။



Comments