top of page

ภ.พ.01 ဆိုတာဘာလဲ?

Updated: Jun 7, 2025

Thai Revenue Department (အခွန်ဦးစီးဌာန) မှာ အထွေထွေအခွန် (VAT 7%) ကို စတင် ထမ်းဆောင်ရန် အကြိုတင်သွင်းရတဲ့ စာတမ်း Form တစ်ခု ဖြစ်ပါတယ်။ ภ.พ.01 မှာတော့_ သည်အချက်အလက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။
  • လုပ်ငန်းဆောင်ရွက်ချက်များ
  • ကုမ္ပဏီနာမည်၊ လိပ်စာ
  • Director ၏ အချက်အလက်များ
  • Tax ID
  • Bank Account
  • ရုံးခန်းဖွင့်လှစ်ရက်စွဲနဲ့ တည်နေရာတို့ ပါဝင်ရမှာ ဖြစ်ပါတယ်။ 

🧾 ภ.พ.01  တင်သွင်းရန် လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့
  1. ภ.พ.01 Form
  2. Company registration (DBD) စာရွက်စာတမ်း
  3. Company Director ၏အချက်အလက်များ 
  4. လုပ်ငန်းခွင်ဓာတ်ပုံနှင့် အပြင်အဆင်များ 
  5. ဆက်စပ်ငှားရမ်းစာချုပ်များ 
တကယ်လို့ ကိုယ်တိုင် မဆောင်ရွက်နိုင်ဘူးဆိုရင်တော့ Power Of Attorney လို့ခေါ်တဲ့ ကိုယ်စားလှယ် လွှဲပြောင်းစာ လိုအပ်မှာပဲ ဖြစ်ပါတယ်။ 

သတ်မှတ်ချက်တွေနှင့်အညီ လျှောက်ထားတင်သွင်းပြီးတဲ့ အခါမှာတော့_ (အခွန်ဦးစီးဌာန)ကနေ VAT Certificate လို့ခေါ်တဲ့ (ภ.พ.20) ကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ 
သည်နေရာမှာ တစ်ခု သတိထားရမှာက လုပ်ငန်းအမှန်တကယ် မတည်ရှိပဲ  VAT မှတ်ပုံတင်မယ်ဆိုရင်  အခက်အခဲတွေ၊ စစ်ဆေးမှုတွေနဲ့ ဥပဒေအရလည်း ရင်ဆိုင်ရနိုင်ပါတယ်ခင်ဗျာ။ 

🧾 ภ.พ.01 ရရှိပြီဆိုရင် အစိုးရကနေ  မိမိလုပ်ငန်းကို တရားဝင်အသိအမှတ်ပြုခြင်း ခံလိုက်ရတာပဲ ဖြစ်ပါတယ်။  (သာမန်အားဖြင့် တစ်နှစ်အတွင်း ၁.၈ သိန်းဘတ် မကျော်ရင် ) VAT မလုပ်လည်း ရနိုင်သေးပေမယ့် Active ဖြစ်တဲ့ VAT နံပါတ် မရှိပဲ လုပ်ငန်းတစ်ခု လည်ပတ်ခြင်းဟာ မိတ်ဆွေရဲ့ စီးပွားရေးကို အရမ်းကို ဒယိမ်းဒယိုင် ဖြစ်စေမှာ ပဲ ဖြစ်ပါတယ်။

🧾 ภ.พ.01  ရပြီဆိုရင်တော့ မိတ်ဆွေအနေနဲ့ ဝယ်ယူတဲ့ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေမှာ ကျသင့်တဲ့ VAT ကို input tax အနေနဲ့ လျော့ချခွင့် ရရှိပါတယ်။ ဒါအပြင့် လုပ်ငန်းမှာ  အသုံးပြုတဲ့ ပစ္စည်း/ဝန်ဆောင်မှုတွေမှာ Adding လုပ်ထားတဲ့ VAT ကိုလည်း  ပြန်ယူနိုင်ပါသေးတယ်။ ရုံးခွဲများ ဖွင့်လှစ်ခြင်း ၊ လုပ်ငန်းကြီးများနှင့် ချိတ်ဆက်လုပ်ကိုင်ခြင်း စတဲ့ လုပ်ငန်းဆောင်တာတွေမှာလဲ ပိုမိုလွယ်ကူစေကာ ခရီးပေါက်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ မိတ်ဆွေအနေနဲ့ ထိုင်းနိုင်ငံမှာ လုပ်ငန်းတစ်ခု တည်ထောင်ပြီးသွားပြီ ဆိုရင် ภ.พ.01 လို့ခေါ်တဲ့  (VAT Registered) ကို မဖြစ်မနေ လုပ်ဆောင်သင့်ကြောင်း အကြံပြု ရေးသားတင်ပြလိုက်ရပါတယ်ခင်ဗျာ။

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page