top of page

ကိုယ်တိုင်က အလုပ်ပေးနိုင်သူဖြစ်အောင် မကြိုးစားတော့ဘူးလား

Updated: Jun 7, 2025

အလုပ်ရှာနေတုန်းလား?

မြန်မာလူငယ်အချို့ဟာ ထိုင်းနိုင်ငံမှာ အခြေအနေ အရပ်ရပ်တွေကြောင့် ရပ်တည်ရှင်သန်နေကြရတဲ့ အချိန်မှာ အများစုက အလုပ်ရှာရင်း_ အလုပ် လုပ်သူအဖြစ် ဖြတ်သန်းရင်း အချိန်တွေ ကုန်လွင့်စေပါတယ်။ 

“တစ်နေ့မှာ နှစ်ရက်ဖြစ်မလာ သလို တစ်လမှ တစ်နှစ် ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး” 

မနက် ၆ နာရီက ထလို့ ညနေ ၆ နာရီ အထိ_ တချို့ဆို ညဥ့်နက်တဲ့ အချိန်တွေအထိ လှုပ်ရှားရုန်းကန်နေကြရတယ်။ တကယ်တော့ ကိုယ့်အတွက်လို့ ကိုယ်ထင်ပေမယ့် သူတစ်ပါးအတွက် ကိုယ့်ရဲ့ ဥာဏ၊ကာယ နဲ့ အချိန်တွေကို ပေးဆပ်နေကြရတာ မဟုတ်ပါလား။ 

အလုပ်တွေရှာရင်း (သို့) လခစားအနေနဲ့ အသက်မွေးနေတာအမှားမရှိပါဘူး။ ဒါပေမဲ့ နေ့စဉ်အလုပ်လုပ်ရတဲ့အချိန်တွေဟာ တန်ဖိုးရှိတဲ့အချိန်တွေဖြစ်တယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ ဒီအချိန်တွေကို အနာဂတ်ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ဖို့၊ ပိုမိုအောင်မြင်တဲ့ဘဝဆီ လှမ်းကြိုးစားဖို့ အသုံးချနိုင်ပါတယ်။

ကိုယ်တိုင်က အလုပ်ရှာနေသူတစ်ယောက် ဖြစ်နေဆဲ ဖြစ်တာထက် အခြားသူတွေအတွက် အလုပ်ဖန်တီးပေးနိုင်တဲ့ စီးပွားရေးပိုင်ရှင်တစ်ယောက်ဖြစ်တာက ပိုတန်ဖိုးရှိပါတယ်။ သူတစ်ပါးကို  ဝန်ထမ်းအဖြစ် အလုပ်ပေးချင်တာနဲ့ ကိုယ်ကိုယ်တိုင် ဝန်ထမ်းဖြစ်နဲ့ အလုပ် လုပ်ပေးနေရတဲ့  ကြီးမြတ်မှုက မတူညီပါဘူး။ 

ထိုင်းနိုင်ငံမှာ ယနေ့ရောက်ရှိနေကြတဲ့ မြန်မာလူငယ်အများစုဟာ_ ခေတ်ပညာတက် လူငယ်တွေဖြစ်ကြပါတယ်။

တချို့ဆို လုံလောက်တဲ့ လုပ်ငန်းအတွေ့အကြုံတွေရှိတယ်

တချို့ဆို နည်းပညာကို ကောင်းကောင်း အသုံးပြုတက်တယ်

တချို့ဆိုရင် နည်းပညာတွေကို မွေးဖွားပေးတဲ့ IT ပညာရှင် လူငယ်များ ဖြစ်ကြတယ်

တချို့ဆိုရင် ငွေကြေးပါ အထိုက်အလျောက်ရှိတယ်။

ဒါပေမယ့် အများစုသော သည်လူငယ်တွေဟာ အလုပ်ရှာရင်း လုပ်စရာတွေပျောက်နေတက်ကြတယ်။

 

သည်လူငယ်တွေအနေနဲ့ လုပ်ငန်းတစ်ခု ဖန်တီးဖို့ မစဉ်းစားနိုင်သေးတာက သူတစ်ပါးရဲ့ အိမ်မက်ထဲမှာ မိမိတို့ရဲ့ အသိဉာဏ်တွေကို ရင်းနှီးမြုပ်နှံထားလိုက်မိလို့ ဖြစ်ပါတယ်။ တကယ်တော့ မိမိရဲ့ ဉာဏ၊ကာယနဲ့ အစွမ်းအစတွေကို မိမိတို့ရဲ့ အိမ်မက်ထဲမှာပဲ ရင်းနှီးမြုပ်နှံပြီး အိမ်မက်တွေ အမြဲတောက်ပနေအောင် မွမ်းမံပေးနေရမှာပါ။ 


ယနေ့မှာ အလုပ်ရှာနေသူပဲဖြစ်စေ၊ လခစားသူပဲဖြစ်စေ မနက်ဖြန်မှာ မိမိကိုယ်တိုင်ပဲ အလုပ်ပေးသူတစ်ဦးဖြစ်ချင်တယ်ဆိုရင်_ထိုင်းနိုင်ငံဟာ ခေတ်ပညာတက်ယနေ့ခေတ် လူငယ်တွေအတွက် အခွင့်အလမ်းတွေနဲ့ ပြည့်နေတဲ့ နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ ဘယ်အခွင့်အလမ်းတွေကနေ စတင်မလဲ_ သင်ကိုယ်တိုင် အသက်ရှင်သန်နေသေးခြင်း ဆိုတဲ့ အခွင့်အလမ်းကနေပဲ စတင်လို့ ရပါတယ်။ 


ဘယ်အချိန်က စမလဲ ဘယ်လိုစမလဲ!

 🔹 ဘယ်သူမှမလုပ်တာတွေ ကိုယ်စလုပ်မယ်

🔹 သူများတွေ လုပ်နေနှင့်ပြီဆိုရင်လည်း မတူကွဲပြားအောင် လုပ်မယ်

 🔹 လုပ်ငန်းလေးတစ်ခု စလုပ်မယ်

 🔹 လက်ရှိအလုပ်လုပ်ရင်း အသေးအဖွဲ့စပြီး ပြောင်းလဲဖို့ ခြေလှမ်းချမယ်

 🔹 တရားဝင်လုပ်ငန်းဖွင့်ဖို့ လမ်းကြောင်းလေ့လာမယ်

 🔹 Visa, Work Permit, Company Setup တွေ သေချာနားလည်ပြီး တိုးတက်အောင် လုပ်မယ်။ 

ယနေ့အချိန်မှာ “အလုပ်ရှာနေတုန်း” ဆိုတာထက် “အနာဂတ် တည်ဆောက်နေပြီ” လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ပြောင်းလဲ လိုက်ပါ။ တကယ်ကြိုးစားမယ်ဆို —ကိုယ့်အနာဂတ်ကို ကိုယ်ပဲ ပိုင်ရမှာပါ.။ 


Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page