top of page

မြန်မာပြည်ကနေ ဘ|တ်တင်ထားသူများ သ|တိထားနိုင်ရန်။


(ဂျင်းလောကအကြောင်း တစေ့တစောင်း)(ဖြစ်ရပ်မှန်ဆောင်းပါရှည်)
(ဂျင်းလောကအကြောင်း တစေ့တစောင်း)(ဖြစ်ရပ်မှန်ဆောင်းပါရှည်)

ယမြေက လူသစ်ဘ|တ် စီစစ်ခွင့်ပြုပေးမည့်လုပ်ငန်းစဥ်နှင့်ပတ်သက်ပြီး အမည်စာရင်းတင်သွင်းသူများ အုပ်စု (၇)မျိုးရှိနေပါသည်။

 အုပ်စု(၁) ယမြေတွင် အမှန်ပင်ရောက်ရှိနေပြီး ဝေါ့ခ်ပါမစ်လိုအပ်လျှက်ရှိသူများ။

အုပ်စု(၂) ကုန်ကျစရိတ်မြင့် အခြားဗီဇာအမျိုးအစားများကို ကိုင်ဆောင်နေရခြင်းမှ ရှောင်ရှား၍ နေထိုင်လိုသူများ။

အုပ်စု(၃) တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး ဝေါ့ခ်ပါမစ်လျှောက်ထားမည့်သူများ။

အုပ်စု(၄) အမည်စာရင်း (ဘတ်) ကြိုတင်၍ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမည့်သူများ။

 အုပ်စု(၅) အမည်စာရင်း (ဘတ်) ကြိုတင်၍ အလယ်ဗီဇာ(သို့မဟုတ်) လေယာဥ်ဖြင့် ဝင်ရောက်ရန် ကြံရွယ်နေသူများ။

အုပ်စု(၆) အမည်စာရင်း (ဘတ်) ကြိုတင်၍  စာအုပ်များ ဘန်ကောက်ပို့ကာ လက်ဗွေမနှိပ်ဘဲ  လက်နှစ်လုံးကြား လုပ်၍ ဗီဇာထည့်ကာ တက်လာမည့်သူများ။ 

အုပ်စု(၇) အမည်စာရင်း (ဘတ်) ကြိုတင်၍ (သို့မဟုတ်) နယ်စပ်တွင် လုံခြုံစွာနေ၍ ပါမစ်လျှောက်ကာ စနစ်တကျ လက်တစ်လုံးကြားလုပ်၍ တက်လာမည့်သူများဟူ၍ အုပ်စုကြီး (၇) အုပ်စု ရှိပါသည်။ 


ဖော်ပြပါ အုပ်စု(၇)  စုနှင့်ပတ်သက်၍ သုံးသပ်တင်ပြရပါလျှင်မူ_

အုပ်စု(၁)၊(၂)၊(၃) တွင် ပါဝင်နေသူများသည် ထိုင်းအစိုးရ၏ ဝေါ့ခ်ပါမစ်ပေးရန် ရည်ရွယ်ထားသော အုပ်စုများဖြစ်သော်လည်း အုပ်စု(၂) မှအပ အုပ်စု (၁)နှင့် (၃)သည် အစိုးရ eSystem ဖွင့်၍ ငွေချေဖြတ်ပိုင်းနှင့် ဘိုင်လပ်ခမ်းခေါ်ဘိုင်အနုယာက်ထမ်ငမ် ခေါ် ဝေါ့ခ်ပါမစ်တောင်းခံစာ လက်ဝယ် မရရှိသေးသ၍ ဖမ်းလျှင် အဖမ်းခံရမည်သာဖြစ်ပါသည်။ (ယခုနှစ်နိမ်းလစ်မရှိပါ)။ 

အုပ်စု(၁) သည် သက်ဆိုင်ရာ စာရွက်စာတမ်းများ မရရှိခင်ကာလကြား လုံခြုံစွာနှင့် သိုသိပ်စွာနေထိုင်တက်ရန်မှာ အလွန်အရေးကြီးပါသည်။ 

အုပ်စု(၃) တွင် အကြုံးဝင်နေသည့်  တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမည့်သူများအနေဖြင့် ယခုအချိန်တွင် မစဥ်းသင့်သော ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ အကြောင်းမှာမူ စိတ်ချရလျှင်ပင် ဘန်ကောက်သို့ အမြန်ရောက်သွားမည် ဖြစ်သော်လည်း  အဓိပ္ပာယ်မဲ့ အမြန်ရောက်သွားသည်မှ တစ်ပါး အခြား အကျိုးများနိုင်သည်များ မရှိသဖြင့် လုံးဝကို ရှောင်ရှားသင့်သည်။ ထပ်မံ ရှင်းပြပါမည်။တရားမဝင်လမ်းကြောင်းများဖြင့် ဝင်ရောက်သူများအနေဖြင့်_၁။ ရိုးရိုးလမ်း (၇၀၀၀-၁၁၀၀၀ ဘတ်) ကြားရှိသည် လက်ကြီးစျေးဖြစ်သည်။ 

လမ်းခရီးတွင် သေချာပေါက် လမ်းလျှောက်ရမည်ဖြစ်ပြီး ကြာချိန် (၂)ရက်မှ (၅)ခန့်ကြာမြင့်မည်ဖြစ်ပြီး အခန့်မသင့်လျှင် အာဏာပိုင်များနှင့်တွေ့က အာဏာရှင်ထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်း ခံရမည်ဖြစ်ပါသည်။ ယခု အဖမ်းအဆီးများ ခံနေရသော အုပ်စုများသည် အဆိုပါ သာမန်လမ်းကြောင်းများမှ လာကြသူများ ၇၅ ရာခိုင်နှုန်း အဖမ်းအဆီးခံနေကြရခြင်းဖြစ်ပါသည်။ 


၂။ အထူးလမ်း (၁၂၅၀၀-၁၇၀၀၀ ဘတ်) ကြားရှိသည် လက်ကြီးစျေးဖြစ်ပါသည်။ ညလိုကားစီး မနက်ဆိုရောက်ပြီး (လမ်းခရီးတွင် စိုးစေ့မျှ လမ်းလျှောက်ရခြင်းမရှိချေ)။ သို့သော် နေ့ရက်တိုင်း ကားတင်နိုင်သည်တော့ မဟုတ်ပါ။ ၉၉ ရာခိုင်နှုန်း ခရီးပေါက်ကြသည်သာ ဖြစ်သည်။

ရိုးရိုးနှင့်ဖြစ်စေ အထူးလမ်းနှင့်ဖြစ်စေ ခရီးနှင်၍ ‌ခရီးပေါက်ကြသည့်တိုင် ကျီးလန့်စာ စားနှင့် နေရမည်သာ ဖြစ်သဖြင့် ရွှေးချယ်သင့်သော ခရီးလမ်းတစ်ခုတော့ မဟုတ်ပါချေ။ ဒုတိယသတိထားရန်မှာ အဆိုပါ လက်ကြီးကုန်ကျစရိတ်သည်ပင် ဝေါ့ခ်ပါမစ်ဖိုး ၊ ဗီဇာဖိုးနှင့် လမ်းခရီးစရိတ်ဖိုး လုံလောက်လို့ နေချေပါပြီ။ 


အုပ်စု(၄) အနေဖြင့် များသောအားဖြင့် MOU စေလွှတ်ခွင့်မရ၍ ထွက်ပေါက်ပိတ်နေသော ကုမ္ပဏီများမှ ဦးဆောင်ရွှေးချယ်သော ပုံစံတစ်ခုဖြစ်ပါသည်။ ၄င်းလမ်းစဥ်သည်လည်း ၅၀ ရာခိုင်နှုန်း ဘေးကင်းနေသည်ဖြစ်သော်လည်း စားပေါက်သိနေပြီဖြစ်သော ယ ကိုလှရွှေများအနေဖြင့် လမ်းကြေး ((၄၀၀၀-၆၀၀၀) လက်ကြီးစျေးနှုန်းဖြစ်ပါသည်) ရှိကြရာ ပါမစ်ကြီးကိုင်လျှက် အောက်တစ်ဝက် အပေါ်တစ်ဝက် သွားရသည်မှာလည်း ဇိမ်တော့ သိပ်နှိပ်လှသည်မဟုတ်ဘဲ လမ်းကြောင်းမခင်းနိုင်သူများ အနေဖြင့် ဂျေးအောင်းကြရမည်သာ ဖြစ်ပါသည်။ အကြောင်းမူ အလုပ်သမားသည် အလုပ်ရှင် ရှိရာ မြို့နယ်တွင်သာ (စာရွက်စာတမ်းမစုံခင်စပ်ကြား) ရှိနေရမည်ဖြစ်ပြီး (စာရွက်ပါ) အလုပ်ရှင် ရှိရာမြို့နယ်သို့ ခဲရာ ခဲဆစ်သွားနေရသည်မှာ ဥပဒေအရ အဓိပ္ပာယ်မရှိလှသည်မို့ ရွှေးချယ်သင့်သော လမ်းခရီးတစ်ခုဟု ကျွန်ုပ်အနေဖြင့် မတွေးထင်မိချေ။ 


အုပ်စု(၅)ဖြင့် လျှောက်ထားမည့်သူများအနေဖြင့် အရမ်းသတိထားသင့်သည်မှာ ထိုင်းအစိုးရ ယခုခွင့်ပြုပေးမည့်လုပ်ငန်းစဥ်သည် အောက်ဖော်ပြပါ လူအုပ်စုများအတွက်သာဖြစ်ပါသည်။

၁။ ကတ်ဘိနပ်ဆုံးဖြတ်ချက်အတည်မပြုခင် ထိုင်းတွင်ရောက်ရှိနေပြီး ပါမစ်သေနေသူများ။ 

၂။ထိုင်းထဲတွင် ရောက်ရှိနေပြီး Overstay ဖြစ်နေသူ (သို့မဟုတ်) အလုပ် လုပ်ကိုင်ခွင့်မရှိသော ဗီဇာများဖြင့် အလုပ် လုပ်နေသူများ။ (ဥပမာ_ အလယ်ဗီဇာ၊ ကျောင်းသားဗီဇာ)

၃။ ကတ်ဘိနပ်ဆုံးဖြတ်ချက်အတည်မပြုခင်  ထိုင်းနိုင်ငံသို့ အလုပ် လုပ်ချင်သော ဆန္ဒဖြင့် တရားမဝင်ခိုးဝင်လာသော သုံးနိုင်ငံသားများ (လာအို၊မြန်မာ၊ကမ္ဘောဒီးယား) 

၄။အသက် ၁၈ နှစ်အောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ရင်သွေးများ တရားဝင် မှီခိုရပ်တည်ခွင့်များ။ စတဲ့ လေးအုပ်စုအတွက်ကို သာ ရည်ရွယ်ပြီး ဝေါ့ခ်ပါမစ်စီစစ်ခွင့်ပြုပေးမှာဖြစ်လို့ မိမိတို့ အနေဖြင့် ဘတ်စာရင်းကြိုတင်ထားပြီးမှ တစ်နည်း ငွေချေဖြတ်ပိုင်းနှင့် ဝေါ့ခ်ပါမစ်လျှောက်ထားတောင်းခံစာ ရရှိပြီးမှ ဝင်လာပါက မိမိတို့အနေနှင့် အစိုးရ၏ ခွင့်ပြုချက်ကို ဖီဆန်ကြောင်း (သို့) အစိုးရ သတ်မှတ်ချက်နှင့် မကိုက်ညီကြောင်း ဖော်ပြ ညွှန်းဆိုနေရာရောက်၍ ရင်တမမနှင့် ပြည်ပ ခြေချ ရမည့် အဖြစ်မျိုး ဖြစ်နေလေသည်။ နောက်တစ်ချက် သတိထားရန်မှာ ယခုနှစ်လုပ်ငန်းစဥ်သည် လူမပါပဲ ပါမစ်ဆွဲထုတ်လို့မရပါ။ ပြောချင်သည်မှာ ကျန်းမာရေးနှင့် ပတ်သက်သည်များ ကိုယ်ရေးအချက်အလတ် သိမ်းဆည်းခြင်း လုပ်ငန်းစဥ်များ လုပ်ဆောင်ပြီးကြောင်း သက်သေစာရွက် စာတမ်းများ ပြန်လည် ပေးပို့ပြီးမှ ဝေါ့ခ်ပါမစ် ပြန်လည်စီစစ်ခွင့်ပြုပေးမည်ဖြစ်ပါသည်။ ထို့အပြင် နားလည်မှုများစွာဖြင့် ဝေါ့ခ်ပါမစ်များ ရခဲ့သည်တိုင် (ယခင်နှစ်တွေကတော့ ရ) ဗီဇာတောင်းခံရတွင် သာမန် စာအုပ်များထက် ငွေကြေးပိုမို ကုန်ကျနိုင်သည်ဖြစ်ရာ သက်ဆိုင်ရာ အကျိုးဆောင်များကို လေဆိပ်အဝင်တုံးကြောင့်  ပါမစ်အခက်အခဲ ဖြစ်ခဲ့လျှင် ငွေပြန်အမ်းပေးနိုင်ခြင်း ရှိမရှိနဲ့ ဝေါ့ခ်ပါမစ်ရရှိခဲ့သည်တိုင် ဗီဇာတောင်းခံရန် ငွေကြေး မည်ရွှေ့ မည်မျှ ကုန်ကျမည်ကို မရှုပ်ခင်ကပင် ရှင်းလင်းစွာ ပြောဆိုလုပ်ကိုင်ထားသင့်ပါသည်။ အရေးကြီးဆုံးအချက်မှာ သာမန်ငွေကြေးမဖူလုံသူများအနေဖြင့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လေယာဥ်ဖြင့် ထွက်ခွာမည့်လုပ်ငန်းစဥ်(သို့မဟုတ်) တာချီလိတ်ဘက်မှ လာခြင်းကို ရှောင်နိုင်သမျှ ရှောင်ရှားသင့်သည်။ 


အုပ်စု(၆) သမားများအနေဖြင့် သာမန်အားဖြင့် တွေးတောစဥ်းစားကြည့်လျှင် အတော်ကို ဂွဒ်ရှယ်လှပါသည်။ မြီမာမှ ထိုင်းကို ကြိုလာစရာလည်း မလို၊ တောင်ကိုတက် တောကို ဖြတ်စရာလည်း မလို၊ လက်ဗွေလည်းမနှိပ်ရ အရာအားလုံး ဟန်ကျပြီး ကားလေးစီးလို့ သာ ခရီးနှင်ကြရပါသည်။ အားလုံး အဆင်ပြေနေသည်ကို  ဘာက အဆင်မပြေနေသလဲဆိုရင် ဥပဒေကို လက်တစ်လုံးကြားမဟုတ်ဘဲ အဆင့်မြင်စွာ လက်နှစ်လုံးကြား လုပ်သွားကြလို့ ဖြစ်ပါတယ်။ အကြောင်းမူ_

၁။ ဗီဇာအများစုကလည်း အတု (သို့မဟုတ်) တစ်နှစ်သာခံပြီး လာမည့်နှစ်သက်တမ်းဆက်မရခြင်း (တစ်နည်း ပတ်စပို့စ်စာအုပ် သုံးမရဖြစ်ခြင်း) 

၂။ စစ်ဆေးရေးဂိတ်များမှ မသက်ာ စက်ထိုးစစ်ဆေးလျှင် အလွယ်တကူ ပေါ်နိုင်ခြင်း (သို့မဟုတ်) ကိုယ်ရေးအချက်အလတ်များ  မသိမ်းဆည်းထားသည်ကို စစ်ဆေးပေါ်ပေါက်ပါက ပါမစ်များဖြတ်သိမ်း၍ ပြည်နှင်ဒဏ်ခံရနိုင်ခြင်း။

၃။အစိုးရ စာရွက်စာတမ်းများအတုလုပ်မှု (သို့မဟုတ်) တလွှဲနည်းဖြင့် အသုံးချမှုတို့ဖြင့် မိမိပါ   အမှုပါတ်နိုင်ခြင်းတို့ကြောင့် ရွှေးချယ်သင့်သော နည်းလမ်းတစ်ခုအဖြစ် အလွယ်လိုက်ရန် မစဥ်းစားသင့်ချေ။ 



အုပ်စု(၇)  

သည်အုပ်စုကတော့ ထိုင်းအစိုးရ၏ သတ်မှတ်ချက်များအားလုံးကို ဘောင်ဝင်ကိုက်ညီအောင် စီမံဆောင်ရွက်ပြီး စနစ်ကျကျ အကွက်လှလှနဲ့ လက်တစ်လုံးကြား လုပ်ကိုင်ဆောင်ရွက်သူများ ပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင် တရားဝင်သာမန်လုပ်သား အုပ်စုများအနေနှင့် MOU နှင့် ဖု့ထီယန်လို့ (ခေါ်တဲ့) ဘတ်ရိုက်ပေးတဲ့ လုပ်ငန်းစဥ်ကနေ ပါမစ်ရရှိပြီး အလုပ် လုပ်ကိုင်နေကြတဲ့ အုပ်စုများဖြစ်ပါတယ်။ ယခုအခါတွင် မြီမာဘက်အခြမ်းရဲ့ အခြေအနေအရပ်ရပ်များကြောင့် MOU စနစ်မှာ ဆိတ်သုဥ်းလု နီးပါးပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ယခုအခါတွင် သာမန်လုပ်သား (သို့မဟုတ်) နှစ်ရှည်ဗီဇာ လိုလားသူများအနေဖြင့် (ဖု့ထီယန် ခိန့်ထဘီယန်မိုင်) ဘတ်ရိုက်တဲ့ လုပ်ငန်းစဥ်မှ တစ်ပါးအခြား မရှိချေ။ သို့ပါမူ  အဆိုပါ လုပ်ငန်းစဥ်နှင့်ပတ်သပ်၍  ထိုင်းအစိုးရရဲ့ သတ်မှတ်ညွှန်ကြားချက်တွေကို အနှစ်ချုပ်ရလျှင်မူ ယခုကဲ့သို့ ရှိပါတယ်။ 

၁။ ဝေါ့ခ်ပါမစ်လျှောက်ထားလိုသူဟာ ကတ်ဘိနပ်ဆုံးဖြတ်ချက်မတိုင်ခင် ထိုင်းထဲမှာ ရှိရမယ်။ 

၂။ အလုပ်ရှင်က အလုပ်သမားကိုယ်စား လျှောက်ပေးရမယ်။ (အလုပ်ရှင် ရှိကို ရှိနေရမယ် သည်သဘောဖြစ်တယ်။ တနည်းအားဖြင့် Virtual Workers မဖြစ်ရဘူး။) ဆိုတော့က  ဝေါ့ခ်ပါမစ်လျှောက်ချင်တဲ့သူက အလုပ်ရှင် ရှိရမယ်။ အလုပ်ရှင်တွေကလည်း ဝေါ့ခ်ပါမစ်ရှိမှ အလုပ်ခန့်တယ်။ (ဝေါ့ခ်ပါမစ်မရှိဘဲထားတော့လည်း ဖမ်းတာကိုး)။ အဲ့တော့ ကိုယ်စားလျှောက်ပေးရမယ့် အလုပ်ရှင်မှာက အလုပ် သမားမရှိဘူး။ အလုပ် လုပ်ချင်တဲ့ အလုပ်သမားက အလုပ်ရှင်မရှိဘူး။ ဒါနဲ့ ပြတ်နေတဲ့နှစ်ဖက် ဆက်လိုက်တော့ တစ်ဖက်ဖြစ်လာတယ်။ ယာယီ လုပ်ငန်းခွင်တွေ ဖြစ်လာတယ်။ 

ဥပဒေမှာကလည်း အလုပ်သမားနဲ့ အလုပ်ရှင် ရာသက်ပန် အမြဲဖြစ်ရမယ်လို့ မရှိလေတော့ တစ်ဖက်ကလည်း အတောင်စုံတော့ပျံ၊ တစ်ဖက်ကလည်း ကျန်အောင်ပေးတော့ ဟန်လေတော့ နှစ်ဦးနှစ်ဘက်အကျိုးပြု တစ်ခါ ဆိုင်ရာတွေကိုပါ ပြုစုထားလေတော့ မကြာခင်ခွင့်ပြုပေးမည့် ဝေါ့ခ်ပါမစ်အသစ်များ စီစစ်ခွင့်ပြုပေးခြင်း လုပ်ငန်းစဥ်မှာ အုပ်စု (၂) နှင့် (၇) သည်သာ အကောင်းမွန်ဆုံးနှင့် အလုံခြုံဆုံးဖြစ်နိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ 


 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page